ဘာပဲဖြစ်ဖြစ် ကြက်ခြေခတ်တစ်ခု
အဖတ်တင်တာပေါ့.................
ကကွက်တွေဘယ်လိုပြောင်းပြောင်း
အမာရွတ်ကတော့ရှိနေဆဲ.................
(နာရီသံတွေ အဓိပ္ပါယ်မဲ့သွားပါပြီ)
ခရုငယ်တစ်ကောင်လို
အရည်မရ အဖတ်မရရည်ရွယ်ချက်နဲ့
တစ်ဖုတ်ဖုတ်ပြုတ်ကျခဲ့တယ်.................
အသစ်ဖြစ်မဲ့ဘ၀ကို စောင့်စားရင်း
ငါ့အရှေ့က
မီးခိုးငွေ့အနည်းငယ် ကျော်လွန်ပြီး
တစ်ဖြည်းဖြည်းဝေးကွာ ပျောက်ဆုံး.................
သူ့စကားလုံးတစ်ချို့ကြောင့်
အမြဲ ငါ့အနာပေါ် တုတ်ကျခဲ့တယ်
(တုတ်ကလေးကိုတောင် အားနာလှပြီ)
ငါ့စိတ်ကူးတွေ တိမ်တွေလို
ကစဥ့်ကလျား.................
သေချာတာတစ်ခုတော့ရှိတယ်
ဘယ်တော့မှ အုံမှိုင်းသွားမှာမဟုတ်
ဖြူစင်နေမှာတော့ သေချာတယ်.................
ပြီးတော့.................
(အိမ်မက်တွေရောပဲ)
Wednesday, September 28, 2011
Sunday, September 12, 2010
Saturday, April 17, 2010
မမြင်နိုင်
ကျွန်တော့်ရဲ့
ငိုကျွေးခဲ့ရတဲ့ နာရီသံ
ဓါတ်ခဲကုန်နေတဲ့  စိတ်ဓါတ်
အခုတော့ လေညိမ်နေပါပြီ
အေးမြတဲ့  ရီဝေေ၀ အထီးကျန်မှုကို
နှစ်သက်လာတာတွေ
သွေးအေးစွာနှတ်ဆက်မှုကို
မက်မောနေခဲ့တာတွေ
ဂစ်တာ တစ်လက်နဲ့ 
ညနက်နက်ကို
အသားကျခဲ့တာတွေ အတွက်
ကျေးဇူတင်ပါတယ်.............
ငိုကျွေးခဲ့ရတဲ့ နာရီသံ
ဓါတ်ခဲကုန်နေတဲ့  စိတ်ဓါတ်
အခုတော့ လေညိမ်နေပါပြီ
အေးမြတဲ့  ရီဝေေ၀ အထီးကျန်မှုကို
နှစ်သက်လာတာတွေ
သွေးအေးစွာနှတ်ဆက်မှုကို
မက်မောနေခဲ့တာတွေ
ဂစ်တာ တစ်လက်နဲ့ 
ညနက်နက်ကို
အသားကျခဲ့တာတွေ အတွက်
ကျေးဇူတင်ပါတယ်.............
Friday, January 29, 2010
အေးစက်စက်
မာကျူရီမီးတွေအောက်မှာ
လရောင်စစ်စစ်ကို ရှာဖွေနေမိတယ်.....
ငါသည်လည်းဘာထူးလည်း
ရေရောလျှက်ပါလား.....
လရောင်စစ်စစ်ကို ရှာဖွေနေမိတယ်.....
ငါသည်လည်းဘာထူးလည်း
ရေရောလျှက်ပါလား.....
Tuesday, January 19, 2010
ဘလော့ခ်တစ်ပုဒ်
ညနက်နက်
လူမခိုးတဲ့ ပုဆိုးစုတ်တစ်ထည်
အားငယ်စွာ မျက်လုံးမှိတ်ပျော်ဝင်
အစာကြေဆေး သုံးဆောင်မိတယ်
မိမိ၏သွားနှင့် အစာအိမ်ကို ယုံကြည်မှုကင်းမဲ့လျက်
ဘယ်သူတွေဘာပဲပြောပြော
ကိုယ့်အာရုံနှင့်ကိုယ်
လောကကြီးထဲက ကြိုက်နှစ်သက်ရာအခွံများကို
ဝင်ရောက်နားခိုနေကြဆဲပဲ
အတွေးလေးတွေ သိမ်ငယ်စွာနဲ့ပဲ
သူမတို့၏ကုန်ကြမ်းများကို ရှာဖွေမိသည်
တစ်ခါတစ်ခါ လွန်ကဲစွာစားသုံးမိသောကြောင့်
ဓါတ်ဆားရည်ကို မိတ်ဆွေဖွဲ့ထားသည်
ဘလော့များကိုဖတ်ရင်းနဲ့
ခံတွင်းထဲမှ စိုစွတ်လာပါက
မျိုမချပါနှင့်
လွတ်လပ်ပေါ့ပါးစွာ ထွေးနိုင်ပါသည်
လည်ချောင်းထဲမှ ပျို့တက်လာပါက
သင်္ဘောကြီးလို ဥသြဆွဲနိုင်ပါသည်.....
လူမခိုးတဲ့ ပုဆိုးစုတ်တစ်ထည်
အားငယ်စွာ မျက်လုံးမှိတ်ပျော်ဝင်
အစာကြေဆေး သုံးဆောင်မိတယ်
မိမိ၏သွားနှင့် အစာအိမ်ကို ယုံကြည်မှုကင်းမဲ့လျက်
ဘယ်သူတွေဘာပဲပြောပြော
ကိုယ့်အာရုံနှင့်ကိုယ်
လောကကြီးထဲက ကြိုက်နှစ်သက်ရာအခွံများကို
ဝင်ရောက်နားခိုနေကြဆဲပဲ
အတွေးလေးတွေ သိမ်ငယ်စွာနဲ့ပဲ
သူမတို့၏ကုန်ကြမ်းများကို ရှာဖွေမိသည်
တစ်ခါတစ်ခါ လွန်ကဲစွာစားသုံးမိသောကြောင့်
ဓါတ်ဆားရည်ကို မိတ်ဆွေဖွဲ့ထားသည်
ဘလော့များကိုဖတ်ရင်းနဲ့
ခံတွင်းထဲမှ စိုစွတ်လာပါက
မျိုမချပါနှင့်
လွတ်လပ်ပေါ့ပါးစွာ ထွေးနိုင်ပါသည်
လည်ချောင်းထဲမှ ပျို့တက်လာပါက
သင်္ဘောကြီးလို ဥသြဆွဲနိုင်ပါသည်.....
Labels:
Poem
Subscribe to:
Posts (Atom)